အိမ်လုပ် ဘိန်းမုန့် (၆ခုစာ)

———————

နေ့လည်စာ အစာပြေ ဘိန်းမုန့်လေးပါ။ ကောက်ညှင်းဘိန်းမုန့်၊ ဆန်ဘိန်းမုန့်၊ ဂျုံဘိန်းမုန့် အစုံရှိတဲ့ အထဲမှာ ဝတ်ရည် လုပ်စားဖြစ်တာကတော့ ဆန်ဘိန်းမုန့်ပါ။ ဒီတခါ ပိုမိုထူးခြားသွားအောင် မြေပဲအစား သီဟိုဌ်စေ့သုံးပေးထားတော့ ဘိန်းမုန့်က အရသာပိုစိမ့်ပြီ စားလို့ အရမ်းကောင်းပါတယ်ရှင့်။ ပြီတော့ ထောပတ်အနံ့လေး သင်းသင်းလေးနဲ့။ ကဲဒါဆိုရင် အိမ်လုပ် ဘိန်းမုန့်ကို ခုပဲ လုပ်ကြည့်ရအောင်…

———————

ပါဝင်ပစ္စည်းများ

* ဆန်မှုန့် – ၃ခွက်

* ရေ – ၁ခွက်ခွဲ

* ဆိုဒါ – လက်ဖက်ရည်ဇွန်း ၁ဇွန်း

* yeast – လက်ဖက်ရည်ဇွန်း ၁ဇွန်း

* ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်

* Emborg ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း

* သီဟိုဌ်စေ့– စားပွဲတင်ဇွန်း ၂ဇွန်း (ထပ်ခြမ်းခြမ်းပေးပါ)

* ဘိန်းစေ့ – စားပွဲတင်ဇွန်း ၁ဇွန်း

* အုန်းနို့ – တခြမ်း (အုန်းသီးများကို ၁လက်မအရှည် အရွယ် ပါးပါး လှီးထားပါ)

* ထန်းလျက် – ၂၀၀ ဂရမ်

———————

ပြုလုပ်နည်း

၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် ဆန်မှုန့်၊ ဆိုဒါ၊ yeast၊ ဆား တို့ကို သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီမှ ရေ(၁ခွက်ခွဲ) ထည့်ကာ သမအောင် ရောမွှေပေးပြီ ဆန်နှစ်ရည်ကို အနည်းဆုံး ၄နာရီ (သို့) တညသိပ် ထားပါ။

၃။ ဆန်နှစ်ရည် ၄နာရီ်ခန့် သိပ်ပြီလျှင် ထန်းလျက်ကြိုပါမည်။ ထန်းလျက်(၂၀၀ ဂရမ်) ကို ရေ(၃၀၀ မီလီလီတာ)ဖြင့် ညော်စေးသည်အထိ ကြိုပေးပါ။

၄။ ထန်းလျက်များ ညော်စေးလာပြီဆိုလျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ပေးပါ။ (ထန်းလျက်တွင် အမှုန့်များပါတတ်၍ ဖြစ်သည်)

၅။ ပြီနောက် ထန်းလျက်များကို ဆန်နှစ်ရည်ဖြင့် သမအောင် ရောမွှေလိုက်ပါ။

၆။ ဘိန်းမုန့် စလုပ်ပါမည်။ ဒယ်ပူလာလျှင် ထောပတ် ထည့်ပြီ မုန့်နှစ်(ယောက်ချို) တဇွန်းကို လောင်းထည့်လိုက်ပါ။

ရ။ မုန့်နှစ်အပေါ်မှ အမြုပ်လေးများ ထလာလျှင် အုန်းသီး၊ ဘိန်းစေ့၊ သီဟိုဌ်စေ့ အပေါ်မှ ဖြူးပေးပါ။

၈။ဘိန်းမုန့် အောက်ဖက်အညှိရောင်သန်းလာလျှင် နောက်တဖက်သို့ လှန်ပေးပါ။ ထောပတ် ထပ်ထည့်ပေးပါ။

၉။ ဆန် ဘိန်းမုန့်ပူပူလေးကို အုန်းသီးများဖြူး၍ သုံးဆောင်လို့ရပါပြီ…

#crd_to_owner_with_respect

Related Posts

Translate »