🍀Chiang Mai

  1. Wat Phra That Doi Suthep
  2. Doi Inthanon
  3. Khun Wang
  4. Tham Luang Mae Sap (Mae Sap Cave)
  5. Doi Kham Fa (ดอยคํ้าฟ้า)
  6. Ban Mae Lai (บ้านแม่ลาย) – Ban Mae Kampong
  7. Mae Taeng Pine Garden
  8. Dantewada (แดนเทวดา)
  9. Hinoki Land โนกิเเลนด์ )
  10. Khlong Mae Kha (คลองแม่ข่า)

1. 🍀Wat Phra That Doi Suthep

Wat Phra That Doi Suthep is a famous Buddhist temple located in Chiang Mai, Thailand. It is situated on Doi Suthep Mountain, about 15 kilometers (9 miles) northwest of Chiang Mai city.

The temple is one of northern Thailand’s most important religious sites and a popular tourist attraction, offering stunning panoramic views of Chiang Mai from its elevated position.

a beautiful image of Wat Phra That Doi Suthep in Chiang Mai, Thailand, showcasing its golden stupa and stunning surroundings.

In Myanmar

ချင်းမိုင်ရဲ့ နာမည်ကြီး နေရာ တွေထဲမှာဆိုရင် ဖူး မျှော် စရာ ဘုရား စေတီပုထိုး တွေဟာလည်း နံပါတ် 1ချိတ်ပါတယ်။ ဒီလို နာမည်ကြီး စေတီပုထိုး တွေထဲကမှ Wat Phra That Doi Suthep စေတီတော်ဟာ ရှုခင်း အရမ်းလှလို့ ခရီးသွား တွေကြား နာမည်ကြီး နေလျှက်ပါ။ ချင်းမိုင်မြို့ရဲ့ 15ကီလိုမီတာ အကွာမှာတည်ရှိပြီး Doi Suthep ဆိုတဲ့ တောင်ထိပ်မှာ တည်ထားကိုးကွယ်ထားတာဖြစ်ပါတယ်။
တောင်ပေါ်သို့တက်ရာ လမ်းတစ်လျှာက် မှာ လှေကားထစ်ပေါင်း 309 ထစ် ကိုဖြတ်လျှောက်လာရမှာဖြစ်ပီး လှေကား လက်ရမ်း အဖြစ်ကို နဂါးရုပ် ကြီး နှစ်ကောင်နဲ့ အလှဆင်ထားတာကို တွေ့ရမှာပါ။ လှေကားထစ် တွေရဲ့ အဆုံးမှာတော့ မြင်ရတဲ့ မြင်ကွင်း ကြောင့် မောခဲ့သမျှ အမောတွေ ပြေပီး ရွှေရောင် တစ်ဝင်းဝင်း စေတီတော်ကို မြင်တွေ့ရမှာပါ။ ဘုရားရဲ့ ပရဝဏ် အတွင်း တောင်ပေါ်မြင်ကွင်းဟာလည်း အချိန်တွေကို ခဏတာ ရပ်တန့် စေချင်လောက်အောင် လှပလွန်းပါတယ်။

2. 🍀Doi Inthanon

Doi Inthanon, standing at 2,565 meters above sea level, is the highest mountain in Thailand and a prominent feature of the Doi Inthanon National Park in Chiang Mai Province.

Key Attractions:

  • Twin Royal Pagodas: The Phra Mahathat Naphamethanidon and Nophamethanidon pagodas were built to honor the 60th birthdays of King Bhumibol Adulyadej and Queen Sirikit. These structures are surrounded by beautifully landscaped gardens and offer panoramic views of the surrounding landscapes.
  • Waterfalls: The park is home to several impressive waterfalls, including Wachirathan, Siriphum, and Mae Ya, each offering unique scenic beauty.
  • Hiking Trails: Popular trails like Kew Mae Pan and Pha Dok Siew provide opportunities to explore the park’s rich biodiversity, including unique flora and fauna.
  • Hill Tribe Villages: Visitors can experience the culture of local hill tribe communities, such as the Karen and Hmong, who reside within the park.

In Myanmar

ထိုင်းနိုင်ငံ ရဲ့ အမြင့်ဆုံး တောင်ဆိုတာ ချင်းမိုင်မြို့မှာတည်ရှိတဲ့ Doi Inthanon ပဲဖြစ်ပါတယ်။ ချင်းမိုင်မြို့ရဲ့ ဧည့်သည်အလည်ပတ်ဆုံး attraction နေရာ တစ်ခုဖြစ်သလို နှစ်သစ်ကူးရက် တွေမှာဆိုရင် ဧည့်သည်ပေါင်း 12000 ကျော် လာရောက် လည်ပတ်ကြပါတယ်။ Doi Inthanon Nation park မှာဆိုရင် ရေတံခွန် ကြည့်တာ၊ နေဝင် နေထွက်ချိန်ကိုကြည့်တာ ၊ ဆောင်းခိုငှက် တွေကိုကြည့်ဖို့ အတွက် အကောင်းမွန် ဆုံးသော နေရာရယ်လို့ ဆိုလို့ရပါတယ်။ တောင်ထိပ် အပေါ်စီးက နေ ချင်းမိုင်တစ်မြို့လုံးရဲ့ အလှကို ရင်သပ်ရှု မောဖွယ်ရာ ခံစားနိုင်တာမို့လို့ Doi Inthanon ဟာ နာမည်ကြီး နေရာ တစ်ခုအဖြစ် လူပြောများခြင်းဟာ သံသယဖြစ်စရာ မလိုပါဘူး။

3. 🍀 Khun Wang

Khun Wang is a village located in Chiang Mai Province, Thailand, nestled on the slopes of Doi Inthanon, the country’s highest mountain. The area is renowned for its natural beauty, particularly the annual bloom of Wild Himalayan Cherry trees, often referred to as Thailand’s “Sakura.”

Khun Wang provides a serene escape into nature and culture, making it a must-visit destination for those exploring northern Thailand.

Khun Wang ဆိုတာ ချင်းမိုင်မြို့ရဲ့ 🌸ချယ်ရီပန်း အလှတွေကို စည်းဘောင် မရှိစွာ ခံစားနိုင်တဲ့ နေရာ လေး တစ်ခုပါ။ လူသွားလမ်းတစ်လျှောက် ဘေးဘယ်ညာ မှာ ပန်းရောင်နုနု လေး တွေနဲ့ ပွင့်လန်းရင်း လူပေါ်ကြွေကျနေတဲ့ ချယ်ရီပန်း တို့ကို အနီးကပ် စုပ်ကိုင်ဖို့ အတွက် ဂျပန်နိုင်ငံအထိ သွားစရာ မလို ပါဘူး။ ချင်းမိုင်ဆိုတဲ့ မြို့ကလေး မှာတင် 🌸ချယ်ရီ တွေရဲ့ အလှကို မျက်ဝါး ထင်ထင် တွေ့မြင်ရမှာပါ။ ဥယျာဉ် တစ်ခုလုံးက ရှိသမျှ ချယ်ရီ တွေဟာ January နဲ့ February လ အတွင်း အစွမ်း ကုန် ပွင့်တတ်တာမို့လို့ လုံးဝကို ချန်လှပ်ထားလို့ မရတဲ့ လည်ပတ်စရာနေရာ ငယ်လေး တစ်ခုပါ။

4. 🍀Tham Luang Mae Sap (Mae Sap Cave)

Tham Luang Mae Sap, also known as the Rainbow Cave, is a captivating natural attraction located in Samoeng District, Chiang Mai Province, Thailand. This cave is renowned for its vibrant rock formations that create a mesmerizing display of colors, resembling a rainbow.

ချင်းမိုင်မြို့မှာ ရှိတဲ့ သဘာဝတရားရဲ့ လက်ဆောင်မွန် အလှတစ်ခုကို ရွေးပါဆိုရင် Mae Sap Cave ကိုပဲ ရွေးပေးပါ့မယ်။
သဘာဝတရားအတိုင်းဖြစ် ပေါ်နေတဲ့ ဒီ‌ကျောက်လှိုင်ဂူရဲ့ အလှဟာ တကယ်ကို အနှိုင်းမဲ့လွန်းပါတယ်။ မြေမျက်နှာ သွင်ပြင်နှင့်အတူ သဘာဝအ လျှောက်ဖြစ်နေတဲ့ ကျောက်သားထုနဲ့ ကျောက်သား အရောင်တို့ဟာ အမှောင်ထဲမှာ တမူထူးခြားလှပ နေပါတယ်။ ကျောက်ချွန် ကျောက်သားတို့ဟာ လှိုဏ်ဂူရဲ့ အမိုး ကနေ အောက်ကို ဆင်းကျ နေတဲ့ပုံဟာ ပန်းမီးဆိုင်း တွေလို လှပလျှက်ပါပဲ။�ဒါကြောင့် သဘာဝ တရားရဲ့ အလှနဲ့ ဘူမိဗေဒ ပညာရပ်ကို ခုံမင်သူ တွေအတွက် must go နေရာ တစ်ခုဖြစ်လို့ နေဆဲပါ။

5. 🍀Doi Kham Fa (ดอยคํ้าฟ้า)

Doi Kham Fa, also known as Doi Kham Fah, is a mountain located in Chiang Dao District, Chiang Mai Province, Thailand. Standing at an elevation of 1,794 meters (5,886 feet) above sea level, it offers hikers and nature enthusiasts a challenging yet rewarding experience.

Doi Kham Fa offers a blend of adventure and natural beauty, making it a worthwhile destination for those looking to explore the mountainous terrains of northern Thailand.

In Myanmar

နေဝင်ချိန်၊ နေထွက်ချိန် တို့ရဲ့ အလှဟာ လူတွေကို တွေးစရာ တွေပေးတဲ့ အပြင် ငေးစရာ ပတ်ဝန်းကျင်ရဲ့ အလှကိုလည်း perfect ဖြစ်သွား စေပါတယ်။ အထူးသဖြင့် Doi Kham Fa လို နေရာ မှာ ပေါ့။ မနက်ခင်း စီးနှင်းတို့ ဝေနေတဲ့ အချိန်မှာ တိုက်ခတ်လာတဲ့ လေပြေ ညှင်း နဲ့ အတူ ချယ်ရီပန်းတို့ရဲ့ ရနံ့ဟာ သင့်ကို ဆောင်းရာသီအလှဆိုတာ ဒါမျိုး နော်လို့ သင်ကြားပေး နေသလိုပါပဲ။
တောင် ပေါ်မြင်ကွင်း ဖြစ်တာ ကြောင့် နေ့အချိန် ရော၊ ညအချိန်မှာပါ တစ်ချက် လေး တောင် အာရုံလွှဲစရာ မရှိအောင် လှပလွန်း တဲ့ view point တစ်ခုဖြစ်ပါတယ်။ ရောက် အောင်သွားဖို့ တော့ မင်မင် တိုက်တွန်းပါတယ်။

6. 🍀 Ban Mae Lai (บ้านแม่ลาย) – Ban Mae Kampong

Ban Mae Kampong is a serene village located approximately 55 kilometers east of Chiang Mai, Thailand. Nestled amidst lush mountains, this village offers a tranquil escape from city life.

IN Myanmar

Ban Mae Lai ဆိုတဲ့ နေရာ လေးဟာ ချစ်စရာ ကော်ဖီဆိုင် လေး တွေနဲ့ တည်းခို ဆောင် နေရာ ငယ်လေး တွေကို စုစည်းထားတဲ့ သဘာဝရဲ့ အနီးဆုံး နေရာ ငယ်လေး တစ်ခုပါ။
Home Stay နေပီး အားလပ်ရက်ကို ကုန်ဆုံးချင်သူ တွေအတွက် ဖန်နဲ့ဆောက်ထားတဲ့ အိမ်ငယ်လေး တွေကို ငှားရမ်း ပေးသလို ဘာပကာသန မှ မပါပဲ သဘာဝဆန်ဆန် လွတ်လပ်တဲ့ vibe မျိုးရအောင် ဖန်တီးထားတဲ့ ကော်ဖီဆိုင်‌‌ငယ် လေးမှာ ကော်ဖီသောက်လို့ရပါတယ်။
စမ်းချောင်း လေးက တသွင်သွင် စီးဆင်း နေတဲ့ ရေသံကို နား ထောင်ပြီး ကော်ဖီပူလေး တစ်ခွက် ဟာ သင့်ကို စိတ်ကြည်လင်လန်းဆန်းတဲ့ နေ့ရက်ကို ပိုင်ဆိုင် စေမှာပါ။

7. 🍀 Mae Taeng Pine Garden

Mae Taeng Pine Garden, located in Chiang Mai Province, Thailand, is a serene destination known for its lush pine forests. Established over 40 years ago, the garden has become a popular spot for relaxation and photography.

In Myanmar

ထင်းရှုးပင် တွေကြားက ဆောင်း မနက်ခင်း တွေကို ပိုင်ဆိုင်ချင်ကြတဲ့ သူတွေဆိုရင်တော့ ချင်းမိုင်ရဲ့ ထင်းရှူး တော Mae Taeng Pine Garden ဟာ အသင့်တော်ဆုံး နေရာတစ်ခုပါ။
မနက်ခင်း ဝေလီ ဝေလင်း မြူခိုးတွေကြား ထင်းရှုးနံ့သင်းသင်း လေး နဲ့ အတူ လမ်းလျှောက်ရတဲ့ အရသာဟာ ဆောင်းရာသီ တစ်ခုတည်းကပဲ ပေးစွမ်းနိုင်တာပါ။ အများကြီး ပြောစရာ မလိုအောင် ချစ်စရာ ကောင်းပီး ဆောင်းရာသီ အငွေ့ သက်တွေ အပြည့် ပေးမယ့် ချင်းမိုင်ရဲ့ ထင်းရှုး တော လေးကို ဘယ်သူများ ငြင်းနိုင်မလဲလေ နော်။

8. 🍀 Dantewada (แดนเทวดา)

Dantewada Land of Angels Waterfall Park, commonly known as “แดนเทวดา” (Dantewada), is a captivating attraction located in Mae Taeng, approximately 45 minutes north of Chiang Mai, Thailand. This expansive park features a harmonious blend of natural beauty and artistic design, offering visitors a serene and picturesque environment.

In Myanmar

ချင်းမိုင်မြို့က နတ်သမီး တွေဖန်ဆင်းထားတဲ့ နေရာ ငယ်လေး လို့ တင်စား ခေါ်ဝေါ်ရတဲ့ နေရာ လေးရဲ့ နာမည်က Dantewada ပဲဖြစ်ပါတယ်။
သစ်ပင် စိမ်းစိမ်း တွေကြားက ကျောက်တောင် ကြီး တွေ ရဲ့ အလှနဲ့အတူ စိမ်းဖန့်ဖန့် လူလုပ်ရေတံခွန်က စီးကျလာ တဲ့ ရေတွေဟာ ဥယျာဉ် လေး တစ်လျှောက် တစ်သွင်သွင် စီးဆင်း နေဆဲ။ ပတ်ဝန်းကျင်ရဲ့ အပူ‌‌ချိန်ကို ထိန်းညှိ ပေး ဖို့ အတွက် ရေငွေ့ ပေး system ကို နေရာ အနှံ့မှာ တပ်ဆင်ထားတာကြောင့် ပတ်ဝန်းကျင်မှာ ရေမှုန် ရေငွေ့ တွေနဲ့ နတ်သမီး တောအုပ်ထဲလမ်း လျှောက်ရသလိုပါပဲ။

9. 🍀Hinoki Land ( โนกิเเลนด์ )

Hinoki Land is a Japanese-themed attraction located in Chai Prakan, Chiang Mai, Thailand. It offers visitors an immersive experience of Japanese culture through its architecture, gardens, and various activities.

In Myanmar

ဂျပန်ရိုးရာယဉ် ကျေးမှု အငွေ့အသက် တွေ လွှမ်းခြုံထားတဲ့ နေရာငယ် လေးရဲ့ အမည်ဟာ Hinoki Land ဖြစ်ပါတယ်။
⛩️Torii ဂိတ်တံခါး ၊ Hinoki နန်းတော်ဆောင်၊ Koi ရေကန်၊ ဂျပန်စတိုင် ဥယျာဉ် ငယ် နှင့် အတူ ချစ်စရာ ပန်းပင်ပေါင်းများစွာ နဲ့ အိမ်မက် ဆန်ဆန် ဂျပန်ရွာငယ် လေး တစ်ခုအဖြစ် ဖန်တီးထားပါတယ်။
အရာအားလုံးဟာ ဖန်တီး လုပ်ယူထားတယ် ဆိုပေမယ့်လည်း ချင်းမိုင်ရဲ့ ရေမြေ အလှတရားနဲ့ ပေါင်းစပ်ထားတာ ကြောင့် လက်တွေ့ဆန်လွန်းလှပါတယ်။ ချစ်စရာ ဂျပန်စတိုင် ကော်ဖီဆိုင်လေး မှာလည်း ဂျပန်စတိုင် မုန့်တွေ ၊ ဟင်းပွဲ တွေကို ရောင်းချ ပေးပါ သေးတယ်။ ဂျပန်ပြည်ကို ခနလေး ဖြစ်ဖြစ် အလည် သွားရသလို ခံစားချက် လေးရရှိ စေမှာ အသေအချာပါ။

10. 🍀 Khlong Mae Kha (คลองแม่ข่า)

Khlong Mae Kha is a revitalized canal in Chiang Mai, Thailand, that has transformed into a vibrant night market and cultural hub. Once a neglected waterway, it has been restored to offer both locals and tourists a unique experience.

750 ကီလိုမီတာ အရှည်ရှိတဲ့ Mae Kha တူး မြောင်း လေးဟာ ခရီးသွားတွေ အသဲစွဲဖြစ်လာရတယ်ဆိုရင် ဘယ်မှ ချက်ချင်းလက်ခံနိုင်မယ် မထင်ပါဘူး။ ဘာတွေများထူးခြားလို့လဲ ပေါ့။
သူ့ရဲ့ အဓိက ထူးခြားချက်က သန့်ရှင်းသပ်ရပ်မှုနဲ့ ညဈေးတန်း လေးပါ။ ဂျပန်နိုင်ငံက Otaru တူး မြောင်းလေး နဲ့ ဆင်တယ်ဆိုပီး ခရီးသွား တွေကောက်ချက်ချထားသလို ဂျပန်ရဲ့ ရှေးဟောင်း ရွာထဲကိုလမ်းလျှာက် ထွက်ရသလို အရသာမျိုးကို ခံစားရ စေပါတယ်တဲ့ရှင်။
ညနေခင်း လေပြေ နဲ့အတူ တူးမြာင်း ဘေးနားတစ်လျှာက် လမ်းလျှောက်ရင်း ညဈေးတန်းမုန့်ဆိုင်ငယ် လေး တွေမှာ မုန့်စားရတဲ့ vibe မျိုးကို ရရှိစေမယ့် နေရာ လေး ပေါ့။

Related Posts

Translate »