Time to help each other and take care of each other
Recently, we have heard news of suicide.
There are 3 things you should know about that.
- We cannot always predict when and how we will do it.
- They often have one or more types of emotional feeling in pain.
- Study the positions related to the subject, Observer If we examine it, we will be able to prevent it to some extent.
There are many emotions associated with doing this.
- Stress
- Desire for revenge
- Desire to control behavior (Emotional blackmail) people who are related to;
- Desire to feel guilt and pain
- Willingness to pay back for wrongdoing
- Desire to erase sins
- Willingness to sacrifice
- The belief that you can escape from the current situation and start life a new life
- Hopelessness
- Helplessness
- etc.
So we need to not make decisions easily. Instead, take care of the people around you.
It’s better to be supportive.
I once wrote about Psychological First Aid (PFA).
Natural disaster Providing emotional support to people who have experienced man-made hazards and severe trauma.
It seems like you don’t need to be a doctor to give first aid to an injured person. Those who have studied the basics of PFA can be given to anyone.
Mainly, to get the feeling that this person is safe and secure, peace of mind, the belief that he can overcome this situation, he has hope to continue living with the strength of mind that he is not alone.
The easiest way to say what is in PFA is that there are 3 L’s.
Look, Listen, Link.
1. Look
As written in point number 3 above, if the condition of the subject is analyzed, it can be prevented to some extent from doing this.
For this reason, I would like to know what kind of symptoms a person who is about to act like this has.
These are the warning signs
- Talking about suicide
- Seeking out lethal means – eg where to buy sleeping pills. Looking for ropes
- Preoccupation with death
- No hope for the future
- Self-hatred (Self-hatred) – If I am gone, it will be better for everyone
- Getting affairs in order – How to take medicine for mom and dad at home. When I have to go to the clinic, etc. He gave away valuable items to others
- Saying goodbye (Saying goodbye) – Strangely, I never started calling and kept asking about it.
- Withdrawing from others
- Doing self-destructive behavior (Self-destructive behavior) – drinking alcohol without realizing it is a person, I stopped taking the medicine I was taking regularly for my health
- Sudden sense of calm after being extremely depressed – People often mistake that for him to be okay. Actually it is not true.
- In addition to these factors, the most important danger sign is that you have tried to kill yourself.
2. Listen
If someone opens up, please take the time to listen. They don’t want advice. Not the comments. The main thing is to listen to everything they say without commenting. If only I had to open up, it would be like it was gone.
It’s not good, I’m listening to you Don’t focus on others while he is talking. Give me time. Please also lend me a chest. He didn’t say anything back. I can’t even encourage it. If you listen, you need to listen with your heart, not with your mind.
3. Link
Professionals who can provide psychological healing Connecting with places where services can be obtained; financial difficulties; Connecting with people who can help if you are in need of medication, etc. If you have lost contact with your parents or family, we can help you find them.
Trauma is not as tangible as physical damage. Don’t let other people tell you. There are many things that even the athlete himself does not notice. As needed, professional assistance It will be more convenient if people help each other.
It is true that it is better if properly trained, but love, I will listen with compassion and empathy. encourage, If it helps to connect, it is enough to a certain extent.
Finally and most importantly, the cause of these problems is the political situation. Therefore, trying to achieve the revolution as soon as possible is all about those who are mentally affected, I don’t want them to forget that it is the best help for those who can’t even make ends meet.
#Credit to Dr. Phyo Thiha
1.9.2022
Reference
- Those who spread the fortune chart from the wheel well – Dr. Soe Min
- Suicide prevention, Help Guide
<<In Myanmar>>
“အချင်းချင်း ကူညီစောင့်ရှောက်ကြရမဲ့အချိန်”
ခုနောက်ပိုင်း ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သတင်းတွေ ကြားသိလာရပါတယ်။ ဒါနဲ့ ပတ်သက်လို့ သိထားရမဲ့ အချက် ၃ ချက် ရှိပါတယ်။
၁။ ဘယ်အချိန် ဘယ်လိုနည်းလမ်းနဲ့ လုပ်သွားမယ် ဆိုတာကို အခါခပ်သိမ်း ကြိုတင်ခန့်မှန်းလို့ မရနိုင်ဘူး။
၂။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်၊ ဝေဒနာ တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုပြီး ရှိနေတတ်ကြတယ်။
၃။ ကာယကံရှင်နဲ့ သက်ဆိုင်တဲ့ အနေအထားတွေကို လေ့လာ၊ အကဲခတ်၊ ဆန်းစစ်ထားမယ် ဆိုရင် အတိုင်းအတာတစ်ခုထိ ကာကွယ်တားဆီးနိုင်ပါလိမ့်မယ်။
ဒီလိုလုပ်တာနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ စိတ်ခံစားချက်တွေကလည်း အများကြီး ရှိပါတယ်။
• စိတ်ဖိစီးမှု
• လက်စားချေလိုတဲ့ စိတ်
• ကိုယ်နဲ့ သက်ဆိုင်နေတဲ့သူတွေရဲ့ စိတ်နေစိတ်ထား၊ အပြုအမူတွေကို ထိန်းချုပ်ထားလိုတဲ့ စိတ် (Emotional blackmail)
• အပြစ်ရှိသလို နာကျင်ခံစားသွားစေလိုတဲ့ စိတ်
• အမှားအတွက် ပြန်လည်ပေးဆပ်လိုတဲ့စိတ်
• အပြစ်တွေကို ဖြေဖျောက်လိုတဲ့စိတ်
• စွန့်လွှတ်အနစ်နာခံသွားလိုတဲ့စိတ်
• လက်ရှိအခြေအနေကနေ လွတ်မြောက်ပြီး ဘဝကို အသစ်ကနေ ပြန်စတင်နိုင်မယ်လို့ ယုံကြည်တဲ့စိတ်
• မျှော်လင့်ချက် ကင်းမဲ့မှု
• အကူအညီမဲ့မှု
စသဖြင့်ပါ။
ဒါကြောင့် အလွယ်လေး အဆုံးအဖြတ် မပေးကြဖို့ လိုပါတယ်။ အဲဒီအစား ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ဂရုစိုက်၊ ဖေးမကူညီတာက ပိုကောင်းပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်ခြင်း (Psychological First Aid – PFA) အကြောင်း တစ်ခါ ရေးဖူးပါတယ်။
သဘာဝဘေး၊ လူလုပ်ဘေး အန္တရာယ်တွေနဲ့ ပြင်းထန်တဲ့ စိတ်ထိခိုက်စရာတွေ ကြုံတွေ့ခဲ့ရသူတွေကို စိတ်ပိုင်းဆိုင်ရာ ကူညီပေးခြင်း ဖြစ်တယ်။ ထိခိုက်ဒဏ်ရာ ရတဲ့သူကို First aid ဆိုတဲ့ ရှေးဦးသူနာပြုစုပေးဖို့ ဆရာဝန် ဖြစ်စရာ မလိုသလိုပဲ၊ ဒီ PFA ကိုလည်း အခြေခံလောက် လေ့လာထားတဲ့ ဘယ်သူမဆို ပေးလို့ ရပါတယ်။
အဓိကအားဖြင့်တော့ ဒီလူတစ်ယောက်ကို ဘေးကင်းလုံခြုံတယ် ဆိုတဲ့ ခံစားမှု၊ စိတ်တည်ငြိမ်မှု၊ ဒီအခြေအနေကို သူ ကျော်လွှားနိုင်တယ် ဆိုတဲ့ ယုံကြည်မှု၊ သူတစ်ယောက်တည်း မဟုတ်ဘူး ဆိုတဲ့ စိတ်ခွန်အားနဲ့ ဘဝကို ဆက်ရှင်သန်ဖို့ မျှော်လင့်ချက်တွေ ရှိသွား၊ ရသွားစေဖို့ ဖြစ်ပါတယ်။
PFA မှာ ဘာတွေ ပါလဲဆို အလွယ်ဆုံး ပြောရရင်တော့ L ၃ လုံး ပါပါတယ်။ Look, Listen, Link ပါ။
အပေါ်က အချက်နံပါတ် ၃ မှာ ရေးထားသလို ကာယကံရှင်ရဲ့ အခြေအနေကို အကဲခတ်ထားမယ်ဆို ဒီလိုမလုပ်ဖြစ်အောင် အတိုင်းအတာတစ်ခုထိ တားဆီးနိုင်ပါတယ်။
ဒီအတွက် အဲ့လိုလုပ်တော့မဲ့ လူတစ်ယောက်ဟာ ဘယ်လိုလက္ခဏာတွေ ရှိတတ်သလဲ သိထားစေချင်ပါတယ်။
အဲဒီအချက် (Warning signs) တွေကတော့
• ဆူဆိုက်လုပ်ဖို့အကြောင်းတွေ ပြောနေတာ (Talking about suicide)
• သေစေနိုင်လောက်တဲ့ နည်းလမ်းတွေ ရှာဖွေနေတာ (Seeking out lethal means) – ဥပမာ အိပ်ဆေးတွေ ဘယ်မှာ ဝယ်လို့ရလဲတို့၊ ကြိုးတွေ ရှာနေတာတို့
• သေခြင်းတရားအကြောင်းပဲ တွေးနေတာ (Preoccupation with death)
• ဘဝနဲ့ ပတ်သက်လို့ မျှော်လင့်ချက် မရှိတော့တာ (No hope for the future)
• ကိုယ့်ကိုယ်ကိုယ် မုန်းတာ (Self-hatred) – ငါသာ မရှိတော့ရင် အားလုံးအတွက် ကောင်းသွားမှာ ဆိုတာမျိုး
• ကိစ္စတွေကို စီစဉ်နေတာ (Getting affairs in order) – အိမ်က အဖေနဲ့အမေကို ဆေး ဘယ်လိုသောက်ရမယ်၊ ဘယ်တော့ဆို ဆေးခန်းပြရမယ်နော် စသဖြင့် သူ မရှိတော့တဲ့အခါ ဆက်လုပ်နိုင်အောင် ပြောနေတာ၊ သူ အင်မတန် တန်ဖိုးထားတဲ့ ပစ္စည်းတွေကို သူများပေးပစ်လိုက်တာ
• နှုတ်ဆက်နေတာ (Saying goodbye) – ထူးထူးခြားခြား ဖုန်းမဆက်စဖူး ဆက်ပြီး သာကြောင်း မာကြောင်း မေးနေတာမျိုး
• တခြားလူတွေနဲ့ ခပ်ခွာခွာ နေတော့တာ (Withdrawing from others)
• ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ အပြုအမူတွေ လုပ်တာ (Self-destructive behavior) – အရက်တွေ လူမှန်းသူမှန်း မသိအောင် သောက်ပစ်တာ၊ ကျန်းမာရေးအတွက် ပုံမှန်သောက်နေရတဲ့ ဆေးတွေကို မသောက်တော့တာ
• တအားစိတ်ဓါတ်ကျပြီးတဲ့နောက် ရုတ်တရက်ဆိုသလို တည်ငြိမ်သွားတာ (Sudden sense of calm after being extremely depressed) – အဲဒါကိုလည်း သူတော့ အဆင်ပြေသွားပြီလို့ အထင်မှားတတ်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။
ဒီအချက်တွေအပြင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားဖူးခြင်းဟာ အရေးကြီးဆုံး အန္တရာယ်လက္ခဏာ ဖြစ်တာမို့ အဲ့ဒီလို လုပ်ထားတာမျိုး ရှိမရှိလည်း အကဲခတ်ပေးပါ။
တစ်ယောက်ယောက်ကများ ရင်လာဖွင့်ခဲ့ရင် အချိန်ပေးပြီး နားထောင်ပေးပါ။ သူတို့လိုချင်တာ အကြံဉာဏ်တွေ မဟုတ်ဘူး။ မှတ်ချက်တွေ မဟုတ်ဘူး။ အဓိကက သူတို့ ပြောသမျှကို ဘာမှတ်ချက်မှ မပေးဘဲ နားထောင်ပေးဖို့ပဲ။ အဲ့လောက်ဆိုရင်ကိုပဲ ရင်ဖွင့်လိုက်ရတော့ ပေါ့သွားပြီ ဆိုတာမျိုး ဖြစ်သွားကြတာပါ။
မကောင်းတတ်လို့ အဖြစ်သဘော နားထောင်ပေးနေတာမျိုး၊ သူပြောနေတဲ့အချိန်မှာ ကိုယ်က တခြားကို အာရုံစိုက်နေတာမျိုးလည်း မလုပ်ပါနဲ့။ အချိန်လည်း ပေးပါ။ ရင်ဘတ်ကိုလည်း ငှားပေးပါ။ ဘာမှ ပြန်မပြောတတ်၊ အားမပေးတတ်တောင် ရသေးတယ်။ နားထောင်ရင်သာ အဖြစ်သဘော မဟုတ်ဘဲ နှလုံးသားနဲ့ နားထောင်ပေးဖို့ လိုတာပါ။
စိတ်ပိုင်းဆိုင်ရာ ကုစားပေးနိုင်မဲ့ ပညာရှင်တွေ၊ ဝန်ဆောင်မှု ရယူနိုင်မဲ့ နေရာတွေနဲ့ ချိတ်ဆက်ပေးတာ၊ ငွေကြေးအခက်အခဲ၊ ဆေးဝါးအခက်အခဲ စသဖြင့် လိုနေတယ်ဆို ကူညီနိုင်မဲ့သူတွေနဲ့ ချိတ်ပေးတာ၊ မိဘ သို့မဟုတ် မိသားစုနဲ့ အဆက်အသွယ် ပြတ်နေတယ်ဆိုလည်း ကူညီပြီး ရှာဖွေပေးတာ စသဖြင့် လုပ်ပေးလို့လည်း ရပါတယ်။
စိတ်ဒဏ်ရာဆိုတာ ခန္ဓာကိုယ်က ထိခိုက်မှုတွေလို မြင်သာထင်သာ မရှိပါဘူး။ တခြားလူ မပြောနဲ့၊ ကာယကံရှင်ကိုယ်တိုင်တောင် သတိမထားမိတာတွေ အများကြီး ရှိပါတယ်။ ပညာရှင် အကူအညီတွေ လိုအပ်သလို၊ ပြည်သူအချင်းချင်းကလည်း ကူညီပေးကြမယ်ဆို ပိုအဆင်ပြေပါလိမ့်မယ်။
စနစ်တကျ လေ့ကျင့်ထားရင် ပိုကောင်းတာ မှန်ပေမဲ့ မေတ္တာ၊ အကြင်နာနဲ့ ကိုယ်ချင်းစာစိတ်လေး ရှေ့ထားပြီး နားထောင်မယ်၊ အားပေးမယ်၊ ချိတ်ဆက်ကူညီပေးမယ်ဆိုရင်ကိုပဲ အတိုင်းအတာတစ်ခုထိ လုံလောက်ပါတယ်။
နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့ ဒီပြဿနာတွေရဲ့ အကြောင်းရင်းခံဟာ နိုင်ငံရေးအခြေအနေကြောင့် ဖြစ်ပါတယ်။ ဒီအတွက် တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ဝိုင်းဝန်းကြိုးစားခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသူတွေ၊ နေ့စဉ်စားဝတ်နေရေးတောင် မပြေလည်တော့တဲ့သူတွေအတွက် အကောင်းဆုံး အကူအညီ ဖြစ်တယ်ဆိုတာကိုလည်း မမေ့ကြစေချင်ပါဘူး။
ဒေါက်တာ ဖြိုးသီဟ
၁.၉.၂၀၂၂
ကိုးကား
၁။ သံသရာရထားတွင်းမှ ကံကြမ္မာဇယားခင်းကြသူများ – ဒေါက်တာစိုးမင်း
၂။ Suicide prevention, Help Guide